Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Monday, December 26, 2011

****မပြောင်းလဲသောအချစ်****


                                                             

  မပြောင်းလဲသောအချစ်

ကောင်မလေးရေ.....
ငါနင့်ကို သိပ်ချစ်တယ်ဆိုတာ
ဘယ်သူမှ မသိခဲ့ရင်တောင်
နင်ကိုယ်တိုင်တော့
အသိဆုံးဖြစ်မှာပါ။
ကောင်မလေး----------
နင်က ငါ့အနားမှာ
ငါမဟုတ်တဲ့
နောက်တစ်ယောက်နဲ့
ပျော်နေခဲ့ရင်တောင်
ငါနင့်ကို မုန်းလို့မရခဲ့ဘူး။
ကောင်မလေး.......
အချစ်ဆိုတာကို
နင်ဘယ်လို အဓိပ္ပါယ်ဖွင့်မှာလဲ?
ငါကတော့
အချစ်ဆိုတာ
ငါမပိုင်ဆိုင်ရရင်တောင်
နင်ပျော်မယ်ဆိုရင်
အရာအားလုံးကို
စွန့်လွှတ်ပေးလိုက်တာ
ငါ့ရဲ့နင့်အပေါ်ထားရှိခဲ့တဲ့
စစ်မှန်တဲ့ အချစ်တစ်ခုလို့
ငါထင်တယ်။
ဒါကြောင့်
နင်ငါ့အနားမှာ ရှိသည်ဖြစ်စေ
မရှိတော့ဘူးဖြစ်စေ
နင့်ကို
မပြောင်းလဲတဲ့ အချစ်နဲ့
ဆက်ချစ်နေအုံးမှာပါ
ကောင်မလေးရယ်..




3 comments:

  1. အင်း ယောက်ျားရသွားလည်း ဆက်ချစ်နိုင်ပါစေ ဟဟဟ xD

    ReplyDelete