Sunday, December 18, 2011
မင်းရဲ့အချစ်ထဲ.....မှာ
အွန်လိုင်းလောကရဲ့ ကြူတော်ပုံဇာတ်လမ်းထဲမှာ
ငါ့နှလုံးသားပျောက်ဆုံးသွားပါပြီ
ပျော်ရွှင်စရာတွေ ရှာဖွေရင်း ၀မ်းနည်းပူဆွေးမှုတွေကိုပဲ
ကံကြမ္မာက ကောက်ယူစေခဲ့ပြီး
ငါ့ရဲ့ လိုအင်ဆန္ဒတွေကိုတော့
အပိုင်းပိုင်းလွင့်စင်ပြန့်ကျဲစေခဲ့တယ်
ဒါတွေကိုစုစည်းကောက်ယူစေပြီးမှ
မင့်ရဲ့အချစ်ထဲမှာ သီကုံးခွင့်ပေးခဲ့တယ်
ဒါကြောင့်.....တစ်အိမ်ပြီးတစ်အိမ်လှည့်လည် သွားနေရင်း
ခြေလှမ်းတိုင်းဟာ
မင့်ရဲ့ အိမ်တံခါးဝကိုပဲ ဦးတည်နေတော့တယ်..
အခုတော့...ငါ့ရဲ့ခြေထောက်တွေ.......
ငါ့ရဲ့ခြေလှမ်းတွေ.......ဘယ်ဆီကို
ကတိစကားနှင့်သစ္စာတရားရင်ဝယ်ထားလို့ချစ်တတ်သူတိုင်း
ဆုံဖက်နိုင်ကြပါစေလို၏
Subscribe to:
Post Comments (Atom)
ချစ်သူတိုင်းဆုံဆည်း နိုင်ကြပါစေရှင် :D
ReplyDelete