Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Wednesday, December 21, 2011

***ဒီဇင်ဘာကိုကြောက်တယ်***

ဒီဇင်ဘာကိုကြောက်တယ်
ဒီဇင်ဘာမှာအချင်းချင်းနှုတ်ဆက်ကြတယ်
sweet December တဲ့
ငါ့အတွက်တော့
ဒီဇင်ဘာက မချိုမြိန်ခဲ့ဖူးဘူး။
သိပ်ချစ်ခဲ့တဲ့ အချစ်ဆုံးသူကလဲ
ဒီဇင်ဘာမှာ ရက်စက်ခဲ့သလို
သိပ်ခင်ရတဲ့ သူငယ်ချင်းတွေကလဲ
ဒီဇင်ဘာမှာ ခွဲခွာသွားခဲ့တယ်။
ဆောင်းနှင်းပွင့်လေးတွေ ဝေနေတဲ့
ဒီဇင်ဘာဟာ ချမ်းအေးလွန်းပါတယ်တဲ့။
ငါ့အတွက်တော့ ဒီဇင်ဘာဟာ
အပြင်မှာချမ်းအေးသလောက်
ရင်ထဲမှာ ပူလောင်နေခဲ့တာပါ။
ဒီဇင်ဘာရဲ့ ဆောင်းနံနက်ခင်းလေးမှာ
တစ်ခါတစ်ရံ နှင်းမိုးလေးတွေ ကြွေကျတတ်တယ်တဲ့။
ငါ့အတွက်တော့ မျက်ရည်မိုးတွေကိုသာ
အဖော်ပြုနေရလို့ မပျော်ရွှင်ခဲ့ရဘူး။
ဒါကြောင့်---
ဒီဇင်ဘာရောက်မှာကို ကြောက်တယ်။
ဖြစ်နိုင်မယ်ဆိုရင်
သူများတွေပျော်ရွှင်နေတဲ့
ဒီဇင်ဘာမှာ ခဏလောက်
အသက်မဲ့သွားချင်တယ်။(အရိပ်မင်း)

ညီမလေးတစ်ယောက်ရဲ့ကဗျာလေးပါ
ကျနော်ကြောက်တဲ့ဒီဇင်ဘာသူရေးတဲ့ကဗျာနဲ့တော့ကွက်တိပဲ
ကျနော်ရင်ထဲမှအချစ်ပဲရှိပြီးအမုန်းမရှိတဲ့နှလုံးသားမို့အမုန်းကဗျာရေးတတ်ဘူးဗျ
သူများအားကိုးရတယ်...ဟီးးးး

No comments:

Post a Comment