Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Thursday, April 26, 2012

မိမိကြိုက်တဲ့စာလေးတွေEBOOKနဲ့သိမ်းထားချင်ရင်

ရွှေဥယျာဉ်သူငယ်ချင်းအားလုံးမင်္ဂလာခင်ဗျာ
တူလေးလည်းရွှေဥယျာဉ်ထဲမရောက်ဖြစ်တာတော်တော်လေးကြာပြီဗျာ
အခုရွှေထဲဝင်လိုက်တော့ပြိုင်ပွဲတွေဝေစာနေလို့တူးလေးလည်းတစ်ပွဲလောက်နွဲကြည့်ချင်တာနဲ့ဒီပို့စ်လေးနဲ့
ဝင်ပြိုင်လို့နွဲလိုက်ပါ၏
အခုတူးလေးရေးချင်တဲ့အကြောင်းအရာလေးကတော့ဗျာသူငယ်ချင်းတို့တွေအခုလိုမျိုးနည်းပညာတွေ
ကဗျာ.၀တ္ထုတွေ.ဆောင်းပါးစသည့်မိမိနှစ်သက်တဲ့စာတွေကို PDF(of) EBOOK
ကူးယူပြီးသိမ်းစည်းထားချင်ရင်ပေါ့ဗျာ.ကိုယ်ကိုယ်တိုင်ကလည်းစာရေးဝါသနာပါလို့ကိုယ်ရေးတဲ့စာလေးတွေ
EBOOK လုပ်ပြီးသိမ်းစည်းထားရင်ပေါ့.အဲဒါလေးကိုမသိသေးသူများဘယ်လိုလုပ်ရမယ်ဆိုတာလေးပေါ့
(၁)မိမိနှစ်သက်တဲ့စာများတွေ့ရင် copy ကူးယူးလိုက်ပါ ကူးပြီးရင်တော့ mail.box ကိုထည့်လိုက်ပါ
နောက်ပြီး To နေရာမှာကိုယ့်အကောင့်ကိုပဲထည့်လိုက်ပါ နောက်ထပ် Send လုပ်လိုက်ပါ

(၂) ကိုယ့်အကောင့်ထဲကိုပြန်ပို့လိုက်ရင် me ဆိုပြီးအခုလိုလေးရောက်လာမှာပါ
မေးကိုဖေါက်လိုက်ပေါ့

(၃)မေးကိုဖေါက်ဖွင့်ပြီးပါက More မှာကလစ်နှိပ်လိုက်ပါ ပြီးရင်
Create a document မှာဆက်ကလစ်နှိပ်လိုက်ပါ..နောက်စာမျက်နှာတစ်ခုပြောင်းသွားပါ့မယ်

(၄)အခုလိုမျိုးလေးတွေ့ရပါ့မယ် ဒါဆိုရင် File ဆိုတဲ့နေရာမှာကလစ်ပြီးအောက်ကိုသွားလိုက်ပါ
အဲအထဲကနေ Download as နေရာမှာ မျှာလေးတင်လိုက်ရင် ပုံမှာမြင်ရတဲ့အတိုင်းမိမိသိမ်းထားချင်တဲ့အမျိုးအစားကိုရွေးကလစ်လိုက်ပါ
အများဆုံးတော့PDF ကိုပဲသုံးကြတာပေါ့နော် PDF မှာပဲကလစ်နှိပ်လိုက်ပါနော်
(ODT . RTF .Word) အဲသုံးခုကတော့ကျနော်လုပ်ကြည့်တာတော့Mircosoft Office ကြီးပါပဲ

(၅)အခုလိုမျိုးလေးပေါ်လာရင် save file မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ ဒါဆိုရင်
PDF ဖိုင်လေးမိမိစက်ထဲမှာရောက်သွားပါပြီ

ဒါလေးတွေကတော့ကျနော်ဒေါင်းပြီးသိမ်းထားပုံလေးပါ
PDF နဲ့သိမ်ထားပုံပါ
Mircosoft Office နဲ့သိမ်းထားပုံပါ


zip ဖိုင်နဲ့သိမ်းထားပုံပါ

ကဲရွှေဥယျာဉ်သူငယ်ချင်းအားလုံးထာဝရပျော်ရွှင်နိုင်ကြပါစေ
တူးလေး
အစဉ်မပြေတာများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်
ပိုက်ပိုက်လေးများရမလားလို့ဝင်ပြိုင်ကြည့်တာ..ဟီးးးး
ရွှေမြန်မာဥယျာဉ်မှာပြိုင်ပွဲဝင်ခဲ့တဲ့ပို့စ်လေးဖြစ်ပါတယ်ခင်ညာ့
ရှုံးတယ်

PDFနဲ့သိမ်းရင်မြန်မာလိုမပေါ်လို့ မြန်မာလိုပေါ်အောင်အောက်ကပုံအတိုင်းလုပ်ကြည့်ပါ
Microsoft နဲ့ရေးထားတဲ့ဖိုင်ကိုအရင်ဖွင့်လိုက်ပါတယ်
ပြီးရင် File မှာကလစ်နှိပ်ပြီး Save As မှာဆက်ကလစ်နှိပ်လိုက်ရင်ဟိုအောက်ပုံလိုပေါ်လာပါတယ်
အဲလိုပေါ်လာရင် အနီရောင်တားထားတဲ့နေရာမှာPDF ကိုပြောင်းပြီး အောက်နားက Save မှာကလစ်လိုက်ရင်
PDF ပြောင်းသွားပါတယ်..ကျေးဇူးတင်ပါတယ်
*************************

No comments:

Post a Comment