Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Monday, April 23, 2012

နယူတန်ကို ဆန့်ကျင်လိုက်သောသူ(ကဗျာ)

ကောင်မလေး--------------
မင်းကိုချစ်တဲ့ ကိုယ့်အချစ်ဟာ
တစ်ဘ၀လုံး စာအတွက်ဆိုပေမဲ့
မင်းကတော့
ကိုယ့်ကို ခဏတာဆိုတဲ့
အချိန်ကလေးအတွင်း
ဘ၀အတွက်မရည်ရွယ်ဘဲ
အပျော်သဘောမျိုး ချစ်ခဲ့တာလား။
ကောင်မလေးရယ်- - - -
မင်းကိုချစ်ခဲ့တဲ့ အတွက်
ကိုယ်ပြန်ရလိုက်တာက
မင်း ရဲ့ စာနာခြင်းကင်းမဲ့တဲ့
စကားလုံးတွေနဲ့ ရက်စက်မှုတွေပါ။
ကမ္ဘာ့အတွေးခေါ် ပညာရှင်ကြီး
နယူတန်က ပြောတယ်။
သက်ရောက်မှု တိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ် တဲ့။
အချစ်ဆိုတဲ့ အရာကတော့
တန်ပြန်သက်ရောက်မှုမရှိပါဘူး
ကိုယ်ကပေးခဲ့သလောက်မှ
ပြန်မရနိုင်ခဲ့တာ။
ကိုယ်က ပညာရှင်မဟုတ်ပေမဲ့
အချစ်ဆိုတဲ့ အရာကို
ဝေဖန်ပိုင်းခြားရရင်
နယူတန်ရဲ့ နိယာမကို
ဆန့်ကျင်ရလိမ့်မယ်။
လူတစ်ယောက်က လူတစ်ယောက်ကို
သိပ်ချစ်မိသွားရင်
အရာရာ အားလုံး
ဒူးထောက်အရှုံးပေးပြီး
ချစ်သူ လိုချင်ရင်
ကိုယ့်အသည်းကို ကိုယ်တိုင်ထုတ်ပြီး
ရက်ရက်ရောရောပေးချင်နေမိတာ
စစ်မှန်သော ချစ်ခြင်းပါ။
ကောင်မလေး - - - - -
ကိုယ်ပြောခဲ့တဲ့ စစ်မှန်တဲ့ ချစ်ခြင်းက
လူတိုင်းရဲ့ ဘ၀မှာ တစ်ကြိမ်တစ်ခါတော့
ကြုံဖူးကြလိမ့်မယ်။
ကိုယ်ကတော့ မင်းကိုစစ်မှန်တဲ့
ချစ်ခြင်းနဲ့ ချစ်ခဲ့မိပြီ။
မင်းလိုချင်တယ်ဆိုရင်
ကိုယ့်အသည်းကို ပေးဖို့
အချိန်တိုင်း အဆင်သင့်ပါ။

No comments:

Post a Comment