သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ
ကျနော်အခုတင်ပေးလိုက်တာလေးကတော့
ဖလတ်စောင်းအသေးစားလေးပေါ့မြန်မာလိုတော့ရေးလို့မရဘူး
သူငယ်ချင်းတွေကိုအမှတ်တရနေ့လေးတွေမှာလက်ဆောင်လေးလုပ်ပေးလို့ရတာပေါ့
လှလှလေးတွေလုပ်ပြီးနှစ်သစ်လက်ဆောင်လေးတွေပေးချင်တယ်ဆိုရင်အောက်မှာလုပ်ကြည့်လုက်နော်
လုပ်ရတာလွယ်လွယ်လေးပါပုံတွေနဲ့ရှင်းပြထားတာတော့များတာပေါ့
ဆော့ဝဲလ်က 1.27MB ပဲရှိပါတယ် install လုပ်စရာမလိုပါဘူး
(၁) အနီရောင်ဝိုင်းပြထားတဲ့ Movie ဆိုတာလေးမှကလစ်နှိပ်လိုက်ပါ
အပြာရောင်ကွက်ပြထားတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ဆိုဒ်လောက်နံပါတ်ရေးလိုက်ပါ

(၂) အနီရောင်ပြထားတဲ့Background Effectနေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင်ခရမ်းရောင် ကွက်ပြထားတဲ့အထဲကမိမိကြိုက်မဲ့ Effect ကိုရွေးလိုက်ပါ ကလစ်နှိပ်ကြည့်လိုက်ပါ

(၃)စာသားထည့်ပါမယ် အနီရောင်ပြထားတဲ့Text ဆိုတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်ပြထားတဲ့နေရာက Add ဆိုတာလေးကိုဆက်ကလစ်လိုက်ပါ
ပြီးရင် Boxလေးတစ်ခုထွက်လာမယ် မိမိရေးချင်တဲ့စာလေးရေးလိုက်ပါ (မှတ်ချက် မြန်မာလိုမရပါ)
ရေးပြီးရင်တော့ok လုပ်လိုက်ပါ

(၄) စာကြောင်းတွေကိုEffect ထည့်မယ်
အနီရောင်ဝိုင်းပြထားတဲ့ Text Effect နေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင် အပေါ်မှာမြင်နေရတဲ့ အထဲကမိမိကြိုက်မဲ့ Effect တစ်ခုကလစ်လုပ်ကြည့်ပါ
ပြီးရင်စာကြောင်းလေးကိုကြည့်လိုက်ပါ ဘယ်လိုလေးပြေးလွှားနေလည်းပေါ့

(၅)သီချင်းသံလေးရောထည့်ချင်သေးရင် အနီရောင်ဝိုင်းပြထားတဲ့ sound ဆိုတဲ့နေရာလေးမှာကလစ်နှိပ်လိုက်ပါ
ပြီးရင် အပြာရောင်ဝိုင်းပြထားတဲ့နေရာမှာသီချင်းထည့်လိုက်ပါ( Mp3)
သီချင်းကတော့မထည့်ချင်လည်းရပါတယ်

(၆)နောက်ခံကိုပုံလေးနဲ့လုပ်ချင်ရင် Background ဆိုတာလေးမှာကလစ်နှိပ်လိုက်ပါ
အနက်ရောင်ပြထားတဲ့နေရာမှအမှတ်လုပ်ပေးပါ
ပြီးရင်အပြာရောင်ပြထားတဲ့နေရာမှာကလစ်ပြီးဓာတ်ပုံတစ်ပုံထည့်လိုက်ပါ
နောက်ခံကိုပုံနဲ့မလုပ်ချင်လို့အရောင်နဲ့လုပ်ချင်ရင်အပေါ်ကနေရာလေးတွေမှာအမှတ်ပေးပြီးလုပ်လိုက်ပါ

(၇)အားလုံးအိုကေပြီဆိုရင် save သိမ်းပါတော့မယ်
အနီရောင်ပြထားတဲ့နေရာကPublish ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
ပြီးရင် save flash movie နေရာမှအမှန်ခြစ်လုပ်ပေးပါပြီးရင် ok နှိပ်လိုက်ပါ

(၈) file name မှာမိမိကြိုက်ရာရေးလိုက်ပါ ပြီရင် save လုပ်လိုက်ပါ..ဒါဆိုရင်ပြီးပါပြီ

သူငယ်ချင်းအားလုံးနှစ်သစ်လေးမှာအသစ်အသစ်များပိုင်ဆိုင်နိုင်ကြပါစေ
အားလုံးပဲ HAPPY NEW YEAR-2012 ပါ