Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Thursday, November 24, 2011

***ဘာမဆိုဖြည့်စည်းပေးမယ့်အချစ်***
















နင်ပေးတဲ့ အလွမ်း
နာကျင်စွာ ခံစားရလည်း
ဝေဒနာရယ်လို့
ငါမတွေးခဲ့မိပါဘူး
ဆူးရှတဲ့အသဲကွဲ ဝေဒနာ
တမာလိုခါးတယ်မထင်
သကာလို ထင်မှတ်ကာ
ချိုမြိန်စွာ စားသောက်တတ်ပြီလေ
နင်ကပေးတဲ့ အမုန်းတွေ
နင်ကပေးတဲ့ အဆိုးတွေ
နင်ရက်စက်ခဲ့သမျှ အားလုံး
ငါလေ
အသာအယာယူဆောင်ကာ
ရင်မှာသိုသိပ်
တိတ်တိတ်ကလေး
သိမ်းထားလိုက်ပြီး
နင့်အတွက်ငါ
ဘာမဆိုဖြည်းဆည်း
အချစ်တို့ပေးမှာပါ.

1 comment:

  1. တမာကိုတောင်သကာထင်နေတယ်ဆိုတော့ရောဂါပြင်းပုံရတယ်
    တိတ်တိတ်လေးသိမ်းထားတာကောင်းတယ်
    သူများတွေသိရင် သူခိုးရန်ကြောက်ရတယ်
    ဟဲဟဲ.....
    ခင်ခင်မင်မင် sister jasmine

    ReplyDelete