
***********************************
သိစေချင်တယ်..........ချစ်သူရယ်
ဖြေမဆည်အလွမ်း ရင်မှာသန်းလို့
တမ်းတမိတယ်...ချစ်သူရယ်
နှစ်ယောက်ချစ်စ တိတ်ကာလမှာ
ကြည်နူးခဲ့သည် ရက်များဆီသို့
လွမ်းနေမိတယ် ချစ်သူရယ်
မျှော်လင့်ချက်ဝေး ဆုံရန်တွေးလို့
တိတ်တိတ်ကြေကွဲ ကိုယ့်အသည်းဝယ်
ကွဲအက်ဝေဒနာ ခံစားရတယ်
သိစေချင်တယ် ချစ်သူရယ် တစ်ကယ်လို့ ပြန်ဆုံတွေ့ခဲ့ကြရင်
မပြောင်းလဲပဲ ဆက်ချစ်ဆဲဟု
ပြောပြချင်တယ် ချစ်သူရယ်...........သို့
ကိုယ့်အသည်းဝယ်
ReplyDeleteကွဲအက်ဝေဒနာ ခံစားရတယ်-----တဲ့လား
နေမင်းရေ အမဆီမှာ USA ကလာတဲ့ ကော်ရှိတယ်ပေးမယ်
(စတာနော်)
ခင်ခင်မင်မင် jasmine