Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Monday, January 2, 2012

***အချစ်ရေးမေးခွန်းလေးဖြေကြည့်ပါအုံးလား****

မင်္ဂလာပါသူငယ်ချင်းတို့ရေကျနော့်ရဲ့ပေါက်တကရမေးခွန်းလေးတွေကို
စိတ်ကူးလေးနဲ့ဖြေကြည့်ပါနော်




(၁)၊၊လူတိုင်းပြောကြတဲ့စကားလေးတစ်ခွန်းရှိပါတယ်
အချစ်ရေးမှာအစဉ်မပြေရင်နှလုံးလမ်းကြောင်းမှာကျွန်းခံတယ်လို့ပြောတတ်ကြပါတယ်
အဲ့ဒီနှလုံးလမ်းကြောင်းမှာခံနေတတ်တဲ့ကျွန်းကဘာကျွန်းလဲ?????

(၂)၊၊မောင်က.မ.ကို၊ .မ.ကမောင့်ကို တစ်ခါမှမချစ်ဖူးသေးတဲ့အချစ်မျိုးနဲ့ချစ်တာပါ
အဲဒီတစ်ခါမှမချစ်ဖူးသေးတဲ့အချစ်ကဘယ်လိုမျိုးလဲ?????

(၃)၊၊အသဲကွဲနေချိန်မှာငါ့ရင်ထဲမှာနင်ကလွဲပြီးနောက်ထပ်ချစ်စရာအချစ်တွေမရှိတော့
ငါ့နှလုံးသားကသေသွားပြီလို့အဲလိုပြောတတ်ကြပါတယ်..
အဲလိုလူတွေသိပ်မကြာခင်မှာချစ်သူရသွားကြရင်...
 ဟေ့ကောင်...ဟဲ့ကောင်မမြန်လှချည်လားလို့မေးရင်သူတို့ဘာပြောတတ်ကြလဲ?????

(၄)၊၊ယောင်္ကျားလေးတွေအသည်းကွဲရင် အရက်၊ဘီယာသောက်တတ်ပြီး
မိန်းခလေးများအသည်းကွဲရင်ဘာလုပ်တတ်လည်း(ငိုတယ်လို့မပြောရ)

(၅)၊၊အိမ်ထောင်ရှင်မိန်းခလေးများဇယားရှုပ်ရင် နောက်မီးလင်းတယ်လို့ပြောကြတယ်
အိမ်ထောင်ရှင်ယောင်္ကျားလေးများဇယားရှုပ်ရင်ဘာပြောကြလဲ??????


(၆)၊၊သော့ခလောက်လေးမှာသော့ပျောက်ပြီးလော့ကျနေရင်
သော့ဖျက်တဲ့သူကိုခေါ်ပြီးသော့ကိုဖျက်ပြီးဖွင့်ရပါတယ်
နှလုံးသားမှာလော့ကျပြီးသော့ပျောက်သွားရင်ဘယ်လိုလူကိုခေါ်ပြီးဖွင့်မလဲ?????


(၇)၊၊အဖိုးကြီးတွေကကောင်မလေးငယ်ငယ်လေးတွေကိုကြိုက်ရင်နွားအိုမြက်နုကြိုက်တယ်လို့ပြောကြပါတယ်
အဖွားကြီးတွေကောင်လေးငယ်ငယ်လေးတွေကိုကြိုက်ရင်ဘာပြောလဲ??????


(၈)၊၊မြတ်စွာဘုရားဟာအမေ့နို့ဖိုးစပ်တာနို့တစ်လုံးဖိုးဘဲကြေတယ်လို့ပြောပါတယ်
အခုခေတ်မိန်းခလေးတော်တော်များများဟာကိုယ့်ရဲ့သားသမီးကိုမိခင်နို့မတိုက်ပဲ
နို့မုန့်ဗူးကိုသာတိုက်ကြပါတယ်
အဲဒီကလေးကြီးလာရင်အမေ့နို့ဖိုးစပ်စရာလိုလား????(ဟီးးးရန်တိုက်တာဟုတ်ဘူးနော်)

(၉)၊၊ကောင်ကလေးရယ်၊၊၊၊ကောင်မလေးရယ်....ငါကနင့်ကိုအရင်လူထပ်ပိုပြီးချစ်ချစ်ပါတယ်
ဒီစကားဘယ်တော့အဆုံးသတ်မလဲ??????

(10)ကောင်လေးတွေက ကောင်မလေးတွေကိုတွေ့တိုင်းကြရင် အိုင်တွေ့တိုင်းခြေရေဆေးတယ်လို့ပြောကြပါတယ်
ကောင်မလေးတွေကကောင်လေးတွေကိုတွေ့တိုင်းကြိုက်ရင်ဘာာာပြောလဲ????


ရယ်စရာအဖြစ်ရေးလိုက်တာမို့ဖြေရန်မလိုပါနော် ကိုယ့်စိတ်ထဲမှာပဲအဖြေရှာလိုက်ပါ

No comments:

Post a Comment