Office Button Image by Free-Buttons.org v2.0










Office Button Image by Free-Buttons.org v2.0
Post အားလုံးတပြိုင်ထဲဖွင့်မယ်»»

Thursday, October 27, 2011

ထူးထူးဆန်းဆန်းဟင်းသီးဟင်းရွက် ပန်းပုပညာ






ဟင်းသီးဟင်းရွက် ပန်းပုပညာ
cabbage girl sculpture



cabbage girl sculpture

ဘေဂျင်းတွင် နေထိုင်သော ဂျူဒူကွီသည် လမ်းဘေးဈေးတန်းများတွင် လွယ်ကူစွာ တွေ့နိုင်သည့် ဟင်းရွက်များဖြင့် ယခုပန်းပုများကို လက်စွမ်းပြ ဖန်တီးခဲ့ခြင်းဖြစ်သည်။

cabbage girl sculpture

cabbage girl sculpture

အလွန်လှပ ကျက်သရေရှိသော အရုပ်ကလေးများကို ဂျူက မုန်ညှင်းများ၊ မုန်လာရွက်များဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ အရွက်အစအနလေးများကို ရုပ်တုလေးများ၏ အ၀တ်အစား၊ လက်ဝတ်ရတနာ၊ ဦးထုပ်စသဖြင့် အနုစိတ် အလှဆင်ခဲ့ခြင်းဖြစ်သည်။

cabbage girl sculpture

cabbage girl sculpture

ဂျူ၏ လက်ရာ ပန်းပုလေးများ အားလုံးသည် ကိုယ်နေဟန်ထား အမျိုးမျိုးနှင့် ရှုမငြီးဖွယ် လှပနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

cabbage girl sculpture

cabbage girl sculpture

ဂျူသည် ဓားပါးလေးတစ်လက်ကို ကျွမ်းကျင်စွာ အသုံးပြုပြီး ထူးခြားဆန်းကျယ်သော အနုပညာ လက်ရာလေးများကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ အကယ်၍ အရောင်အပြောင်းအလဲ ပြုလုပ်လိုပါက လိုအပ်သော ဟင်းရွက် အပိုင်းအစလေးများကို ချက်ပြုတ်ခြင်းဖြင့် အရောင်မျိုးစုံ ရရှိစေခဲ့သည်။

cabbage girl sculpture

cabbage girl sculpture

ပန်းပုလက်ရာရှင် အမျိုးသမီးက "ဟင်းသီးဟင်းရွက်တွေရဲ့ အရောင်၊ အမျိုးအစား၊ ပုံသဏ္ဍန်၊ အရွယ်ပမာဏအလိုက် ကျွန်မအနေနဲ့ အစီအစဉ်တကျ ရွေးချယ်ရပါတယ်။ နောက်ပြီး လတ်ဆတ်တာ၊ နွမ်းနေတာ၊ ပုပ်နေတာ၊ ခြောက်သွေ့နေတာ၊ ကြော်ထားတာ၊ ပြုတ်ထားတာတွေနဲ့ ဟင်းသီးဟင်းရွက် အရောင်တွေကို မျိုးစုံပြောင်းခဲ့ရပါတယ်"ဟု ရှင်းပြသွားသည်။

No comments:

Post a Comment