Sunday, January 27, 2013

Android ဖုန်း အတွက်အသုံးဝင်သော Apk Market များ(ဖုန်းဆော့ဝဲ)များ

အာကာရဲ့ဘလော့ဆိုဒ်လေးသို့ရောက်လာကြတဲ့သူငယ်ချင်းအားလုံး
မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်
အာကာဒီတစ်တော့ Android ဖုန်းအတွက်အသုံးဝင်မဲ့
ဆော့ဝဲလေးတွေပြန်လည်စုစည်းတင်ပေးလိုက်ပါ
ကျနော်တို့မြန်မာပြည်ဖုန်းတွေခေတ်စားလာတော့ဟိုဆော့ဝဲလို
ဒီဂိမ်းလိုနဲ့ပေါ့ ဆိုင်သွားပြီး ဒေါင်းနေရင်ငွေလည်းကုန်အချိန်လည်းကုန်ပေါ့
အခုကျနော်ပေးထားတဲ့ဆော့ဝဲလေးတွေကိုမိမိရဲ့ Android ဖုန်းမှာထည့်သွင်းပြီး
မိမိလိုရာဆော့ဝဲ ဂိမ်း ဗွီဒီယို သီချင်း ဓာတ်ပုံ ဖုန်းအလှစင်ဆော့ဝဲများကိုအချိန်တိုတိုနဲ့
ဒေါင်းလော့ယူနိုင်ပါတယ် ဒီကောင်လေးတွေဆိုဒ်လည်းသိပ်မကြီးပါဘူး
မြန်မာပြည်က Googleplay ၀င်လို့မရဘူးကြားတယ်အခုတော့ရလားမသိဘူး
ဒီကောင်လေးတွေထည့်ထားပြီးဒေါင်းရင် googleplay တောင်မလိုဘူး
ဒီလိုmarket လေးတွေ Free ဆော့ဝဲတွေကြီးပါ ဒီလိုmarket လေးတွေထည့်ထားရင်
ဆိုဒ်သွားအချိန်ကုန်ခံပြီး ရှာနေစရာမလိုပါဘူး အချိန်တိုတိုနဲ့ မိမိလိုရာလေးတွေကို
ဒေါင်းလိုက် ဖျက်လိုက် စိတ်ကြိုက်လုပ်နိုင်ပါ လိုအပ်တယ်ဆိုရင်တော့အောက်မှာအကုန်ပါဆွဲလိုက်ကြနော်


ဒီကောင်ကတော့1Mobile market ပါ ဖုန်းအတွက်ပါ
ဗားရှင်း၂မျိုးပါ ရှိတာတော့၃မျိုးရှိတယ်၁ခုကဘာမှလုပ်မရလို့
ဒီကောင်လေး၂ခုကကောင်းပါတယ် ကိုယ်ကနေဆော့ဝဲတွေဒေါင်းပြီးအင်စတော့လုပ်ထားပြီး
မကြိုက်ရင်မားကတ်ထဲမှာပဲပြန်ဖျက်လို့ရပါတယ် ဒေါင်းပြီးသားဆော့ဝဲများလည်းစက်ထဲမှာကြံခဲ့ပါတယ်
ဆော့ဝဲအသစ်တင်လိုက်တိုင်း ကိုယ့်ဖုန်းထဲမှာရှိတဲ့ဆော့ဝဲတွေကို
Update လုပ်ဖို့အမြဲပြနေပါတယ်
လိုအပ်ရင်အောက်မှာယူလိုက်ပါ
DOWNLOAD




mobomarket ဒီကောင်လေးကလည်းတစ်မျိုးပေါ့
Update လုပ်ရမည့်ဆော့ဝဲတွေကပြန်ပေးပါ
နဲနဲတော့ဒေါင်းလော့နှေးပါတယ်ကျနော့်ဖုန်းမှာ
လိုပ်ရင်အောက်မှာယူလိုက်ပါ



Aptoide market
ဒီကောင်လးကတော့ကျနော်အကြိုက်ပေါ့..ကျနော့်ဖုန်းမှာအရမ်းမြန်မယ်
အခြားမားကတ်တွေဒေါင်းလော့လုပ်လို့ဒေါင်းမရတာနဲ့ဒီကောင်လေးဆီကို
ချက်ချင်းရောက်လာပါတယ် သူကတော့ဒေါင်းပြီးရင်တော့ ဖုန်းထဲမှာ
ဆော့ဝဲတွေမကြံခဲ့ပါဘူး အင်စတော့လုပ်တာပဲကြံခဲ့ပါတယ်
လိုအပ်ရင်အောက်မှာယူလိုက်ပါ



Mobangomarket
ဒီကောင်းလေးကလည်းတစ်မျိုးလေးကောင်းပါတယ်ဒေါင်းရတာမြန်လည်းမြန်တယ်
ကျနော့်ဖုန်းမှာပေါ့ လိုအပ်ရင်အောက်မှာယူလိုက်ပါ


ဒါကြီးကတော့မြန်မာပေါ့ ကျနော်ဖုန်းမှာတော့ဘာနှေးလည်းမမေးနဲ့
စိတ်မရှည်ဘူး လိုအပ်ရင်တော့အောက်မှာယူလိုက်ပါ


ဒီအပေါ်ကပုံကိုတော့မိမိစက်ထဲမှာInstallလုပ်ပြီး ဒေါင်းလို့ရပါတယ်
အစုံပါပါတယ် ဆော့ဝဲလ်တင်မဟုတ်ပဲ ဂိမ်း ဓာတ်ပုံ ဗွီဒီယို အစအကုန်ပါပါတယ်
အောက်မှာယူလိုက်ပါ


ဒီကောင်ကတော့1mobile market ပါစက်ထဲမှာInstall လုပ်ပြီးဒေါင်းလို့ရပါတယ်
ကျနော်စက်ကအစုတ်မို့ Installလုပ်လို့မရလို့ပုံမပြနိုင်တာပါ
သူငယ်ချင်းတို့စက်တွေမှာရမလားစမ်းကြည့်နော်
အောက်မှာယူလိုက်ပါ


ဒါလေးကတော့နောက်ဆုံးကျနော့်ရဲ့ဘလော့ဆိုဒ်လေးပါ
ဆော့ဝဲလေးလုပ်ထားပါတယ်မတောက်တခေါက်နဲ့မြန်မာလို
နဲနဲဘာသာပြန်ရေးထားပါတယ်တခါထဲပေါင်းပြီးပေးချင်လို့အမြန်လုပ်လိုက်တာ
အစဉ်မှပြေရဲ့တိဘူး
အလိုအပ်ရင်အောက်မှာယူလိုက်ပါ
DOWNLOAD



သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ကြပါစေ
ကျနော်ဘလော့ဆိုဒ်လေးက လူသိနဲလို့ ပို့စ်တွေလည်းသိပ်မတင်ဖြစ်ပါဘူး
ကိုယ်ပိုင်စက်ကလည်းထက်မ၀ယ်ရသေးဘူး နှစ်ကူးပြီးရင်စက်သစ်ဝယ်ပြီးမှ
အခြားနည်းပညာ ဆော့ဝဲတွေရေးအုံးမှာပါ အခုတော့လွယ်တဲ့ဖုန်းဆော့ဝဲတွေပဲတင်းပေးရတာပါ
ကျနော်တစ်ယောက်ထဲလည်းပျင်းနေတာ..အားရင်မန်ဘာဝင်ပေးပါလား..ဟိဟိ



Tuesday, January 22, 2013

Android ဖုန်းနဲ့ မိမိအကောင့်မလိုပဲမေးပို့လို့ရပါတယ်(လျှို့ဝှက်မေး)ပေါ့

မင်္ဂလာပါသူငယ်ချင်းတို့
ဒီကောင်လေးကတော့ကိုယ်မေးပို့ချင်တဲ့သူဆီကို
ကိုယ့်အကောင့်မလိုပဲအခြားတစ်ဖက်ကလူဆီကိုမေးပို့လို့ရပါတယ်
password တွေဘာတွေမလိုပါ ကိုယ်ပေးချင်တဲ့နာမည်ရေး
ပြောချင်တာလေးရေးပြီး ပို့ချင်တဲ့သူရဲ့အကောင့်ရေးထည့်ပြီးပေးပို့ရပါတယ်
လိုချင်တယ်ဆိုရင်အောက်မှာယူလိုက်ပါ
ဖုန်းထဲထည့်ပြီးInstall လုပ်လိုက်ပါ
ပြီးသွားရင်စနိုင်ပါပြီ
ဆော့ဝဲလ်လေးဖွင့်လိုက်တာနဲ့အအောက်ပုံအတိုင်းမြင်ရပါ့မယ် Next ကိုနှိပ်ပြီ
ကြံတာကိုအောက်ကပုံတွေအတိုင်းလုပ်လိုက်ပါ







သူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမေ့နိုင်ပါစေ
အာကာမိုးနိုင်
သုံးလို့မရရင်စာချန်ခဲ့ပါ
ဆော့ဝဲလ်မှားပေးမိမှာဆိုးလို့ပါ
ဒါလေးနဲ့ဆို...အဆဲခံရမဲ့သူ...ရည်းစားစကားအပြောခံရမဲ့သူများမယ်ထင်တယ်ပ...အဟက်
နော်ဆီကရတယ်လို့ကြောနဲ့နော်

Wednesday, January 16, 2013

သင့်ရဲ့ Android ဖုန်းမှာဖျက်လို့မရတဲ့ဆော့ဝဲတွေကိုဖျက်နိုင်တဲ့ဆော့လေးပါ

အာကာရဲ့ဘလော့လေးသို့မျက်စိလည်ရောက်လာသူအပေါင်း
မင်္ဂလာပါ
ကျနော်အခုတင်ပေးမဲ့ဆော့ဝဲလေး၂ခုကတော့သူငယ်ချင်းတို့တွက်
အသုံးဝင်မယ်လို့တော့ထင်ပါတယ် အဲဟာလေး၂ခုကါပေါ့
သူငယ်ချင်းတို့ဖုန်းတွေမှာဖုန်းဝယ်တုန်းကမူရင်းပါလာတဲ့အသုံးမသင်တဲ့
ဆော့တွေကိုရိုးရိုးဖျက်ရင်မရတာကများပါတယ်အဲလိုဖျက်လို့မရတဲ့ဆော့ဝဲတွေကို
ဒီကောင်လေးကကူပေးပါလိမ့်မယ်လိုအပ်တယ်ဆိုရင်အောက်မှာဒေါင်းပြီးသင့်ဖုန်းထဲကို
သွင်းလိုက်ပါပြီးရင်Install လုပ်လိုက်ပါ ကိုယ့်ဖုန်းထဲမှာInstallလုပ်ထားတဲ့ဆော့ဝဲ
တွေကိုလည်းပြန်လည်ပြီး apk ဖိုင်အဖြစ်ထုတ်ယူနိုင်ပါသေးတယ်
  1. ဆော့ဝဲလေးအင်စတောလုပ်ပြီးသွားရင် စတင်ဖွင့်လိုက်ပါ
  2. အောက်ကပုံလိုဖုန်းထဲမှာရှိသမျှပေါ်လာပါ့မယ်
  3. မိမိဖျက်ချင်တဲ့ဟာကိုရွေးပြီးနှိပ်လိုက်ပါ

4.အောက်ကပုံလိုပေါ်လာရင် Uninstall ကိုနှိပ်ပြီးဖျက်ပြစ်လို့ရပါပြီ
5.မိမိဆော့ဝဲမဖျက်ခင်မှာ apk ဖိုင်လိုချင်တယ်ဆိုရင် Backup ကိုနှိပ်လိုက်ပါ
ဖုန်းထဲမှာထည့်တဲ့ဆော့ဝဲအားလုံးကို Backup နှိပ်ပြီး apk ဖိုင်အဖြစ်သိမ်းထားလို့ရပါတယ်
မိမိလိုအပ်တဲ့အချိန်ပြန်သုံးလို့ရပါတယ်




ဒီအောက်ကကောင်လေးကတော့ သင့်ဖုန်းထဲမှာထည့်ထားတဲ့တစ်ချို့ဆော့ဝဲတွေမှာ
အနှောက်အရှက်ပေးနေတဲ့ google add ကြော်ငြာတွေကို
ဖျက်ဖြစ်နိုင်ပါတယ် လိုအပ်ရင်အောက်မှာဒေါင်းလိုက်ပါ ပြီးရင်
ဖုန်းထဲသွင်းInstallလုပ်လိုက်ပါ
၁=ဆောဝဲအင်စတောလုပ်ပြီးသွားရင်စတင်ဖွင့်လိုက်ပါ
အောက်ပါပုံလိုတွေရပါ့မယ်စာလုံးအစိမ်းရောင်နဲ့ဟာဆိုရင် google add ကြော်ငြာပါနေပါတယ်
အောက်ကအနီရောင်စာလုံနဲ့ဟာဆိုရင် google add မပါပါဘူး လုပ်စရာမလိုပါဘူး
မိမိဖျက်ချင်တဲ့ google add ကြော်ငြာပါတဲ့ဟာကိုနှိပ်လိုက်ပါ



၂= Open Menu of Patcher ကိုဆက်နှိပ်ပါ


၃= Remove Google Ads ကိုဆက်နှိပ်ပါ

၎=ဒီနေရာက်မှာကြည့်လိုက်ပါ အင်္ဂလိပ်စာဖတ်တတ်ရင်အမှန်ဖြစ်လေးတွေပေးလိုက်ပါ
ကျနော်ပုံပါအတိုင်းပဲလုပ်လိုက်ပါတယ် ပြီးရင် Apply ကိုနှိပ်လိုက်ပါ
အချိန်အနည်းငယ်စောင့်နေပေးလိုက်ပါ



ပြီးသွားရင်အဲလိုလေးပေါ်လာပါ့မယ် ဒါဆိုရင် google add ကြော်ငာ
မပျက်သေးပါဘူး ပုံကြည့်လိုက်ပါ ၂ခုကစိမ်းပြီး ၂ခု ကနီနေတယ် အဲလိုဆိုအောင်မြင်သေးဘူး
အစိမ်းရောင်၃ခုလောက်ပြမှအောင်မြင်တာ ကြော်ငြာပျောက်တာ




google add ဖြုတ်ပြီးသွားရင်အ၀ါရောင်ကြယ်လေးတွေဖြစ်နေပါတယ်
အောက်မှာကြည့်လိုက် google add ဖြုတ်ထားတဲ့ဟာကအ၀ါရောင်ကြယ်ပါ
အပြူရောင်ကမဖြုတ်တာပါ
မှတ်ချက်....google add ဖြုတ်လို့ရတာရှိသလို ဖြုတ်လို့မရတာလည်းရှိပါတယ်
သုံးလို့မရရင်အကြောင်ပြန်ပေးပါနော်..တော်ကြာဆော့ဝဲမှာပေးမိမှာဆိုးလို့ပါ

Tuesday, January 1, 2013

Android ဖုန်းမှာမရှိမဖြစ်ဆောင်ထားသင့်တာလေး၂ခုပါ

သူငယ်ချင်းအားလုံးမင်္ဂလာပါလို့ Android ဖုန်းမှာဆောင်ထားသင့်တဲ့ app လေး၂ခုပါ
ဒီကောင်လေးကတော့သင့်ဖုန်းမှာရှိတာတွေကို
ူသူများပေးမသုံးစေချင်ရင် လော့ချထားလို့ရတဲ့ APP LOCK လေးပါ
မရှိသေးရင်အောက်မှာယူလိုက်ပါ

လုပ်နည်းလေးကတော့လွယ်ပါတယ် password ထည့်ပြီး
ဆော့ဝဲလေးဖွင့်လိုက်တာနဲ့အကုန်ပေါ်လာပါတယ်
လော့ချချင်တာလေးရွေးပြီးအတုံးလေးကိုဆွဲလိုက်ယုံပါပဲ


ဒီကောင်လေးကတော့သင့်ဖုန်းထဲကဘာဘာညာညာပုံတွေ ဗွီဒီယိုဖိုင်တွေ
SMS တွေကိုသူများပေးမကြည့်စေချင်ရင် ၀ှက်ထားလို့ရပါတယ်

သူလေးကလည်းလွယ်ပါပါတယ် password ထည့်ပြီး
ဝှက်ချင်တဲ့ဘာဘာညာညာတွေကိုဝှက်လို့ရပါတယ်